♥ထင္ေပၚေက်ာ္ၾကားမႈကိုလိုခ်င္ၿပီး ပိုက္ဆံမက္လြန္းတာေၾကာင့္ ဘ၀ပ်က္ခဲ့ရတဲ့အမ်ိဳးသမီး♥

♥ထင္ေပၚေက်ာ္ၾကားမႈကိုလိုခ်င္ၿပီး ပိုက္ဆံမက္လြန္းတာေၾကာင့္ ဘ၀ပ်က္ခဲ့ရတဲ့အမ်ိဳးသမီး♥

ကေနဒီယန္အမ်ိဳးသမီးတစ္ဦးဟာ ၾသစေတးလ်ကို ဆိုက္ကပ္မယ့္ အေပ်ာ္စီးသေဘၤာတစ္စီးထဲ ေဒၚလာ(၂၁)သန္းတန္ဖိုးရွိတဲ့ ကုိကင္းေတြကို တရားမ၀င္ ေမွာင္ခိုသယ္ေဆာင္လာခဲ့တာေၾကာင့္ ဖမ္းဆီးခံရၿပီး ေထာင္ဒဏ္(၈) ႏွစ္ခ်မွတ္ခံရေၾကာင္းသိရပါတယ္။

ထိုအမ်ိဳးသမီးဟာအသက္(၂၄)ႏွစ္အရြယ္ျဖစ္ၿပီး မယ္လီနာရိုဘာ့ဂ်္လို႔အမည္ရပါတယ္။ သူမကို (၂၀၁၆)ခုႏွစ္ ၾသဂုတ္လတြင္းမွာ ျဖစ္ပြားခဲ့တဲ့ Sea Princess အမည္ရွိ အေပ်ာ္စီးသေဘၤာၾကီးေပၚကို တရားမ၀င္မူးယစ္ေဆး၀ါးေတြ ၾကံစည္တင္သြင္းမႈနဲ႔ ပတ္သက္လို႔ ဆစ္ဒနီတရားရံုးမွာ ဗုဒၶဟူးေန႔တုန္းက အမိန္႔ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အဆိုပါ ကိုကင္းတင္သြင္းမႈမွာ စုစုေပါင္းလူ(၃)ဦးကိုဖမ္းဆီးရမိခဲ့ပါတယ္။ ယင္းအမႈဟာ ၾသစေတးလ်ႏိုင္ငံအတြင္းဆိုက္ကပ္လာတဲ့ ပင္လယ္အေပ်ာ္ခရီးသေဘၤာေတြထဲမွာ ဖမ္းဆီးရမိခဲ့တဲ့ အၾကီးဆံုးတရားမ၀င္ မူးယစ္ေဆး၀ါးတင္သြင္းမႈပဲျဖစ္ပါတယ္။ မယ္လီနာက သူမအခုလိုျပဳလုပ္ရတာဟာ ဆိုရွယ္မီဒီယာအေပၚ စြဲလန္းလြန္းတာေၾကာင့္ ျဖစ္ရတယ္လို႔ဆိုပါတယ္။

မယ္လီနာဟာ ထူးျခားထင္ရွားတဲ့ေဒသေတြမွာ ဓာတ္ပံုရိုက္ၿပီး အင္စတာဂရမ္ေပၚတင္ေလ့ရွိကာ လူေတြရဲ႕အားက်အထင္ၾကီးမႈကို အလြန္အမင္း လိုခ်င္သူတစ္ဦးျဖစ္ပါတယ္။ သူမနဲ႔ၾကံရာပါတစ္ဦးျဖစ္သူ အေပ်ာ္မယ္အစၥဘဲလ္လာေဂ့စ္ကိုလည္း ႏို၀င္ဘာလကတည္းက ေထာင္ဒဏ္(၄)ႏွစ္ခြဲခ်မွတ္ခဲ့ပါတယ္။

မယ္လီနာနဲ႔ အစၥဘဲလ္ႏွစ္ဦးစလံုးက သူတို႔မွာတင္ရွိေနတဲ့အေၾကြးေဒၚလာ(၂)ေသာင္းကို ေပးေခ်စရာရွိတဲ့အတြက္ေၾကာင့္ အခုလို ကိုကင္းေမွာင္ခုိ တင္ေဆာင္လာျခင္းျဖစ္ေၾကာင္း ၀န္ခံခဲ့ပါတယ္။ မယ္လီနာဟာ (၂၀၁၅)ခုႏွစ္တုန္းက အေပ်ာ္မယ္အျဖစ္ အလုပ္လုပ္ရင္း ပိုက္ဆံခ်မ္းသာသူ အမ်ိဳးသားၾကီးတစ္ေယာက္နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

ထိုအဖိုးၾကီးရဲ႕ အေျမွာင္ဇနီးအျဖစ္ေနရင္း (၂၀၁၆)ခုႏွစ္မွာ ထိုအမ်ိဳးသားက ေမာ္ရိုကိုႏိုင္ငံကို လာလည္ဖို႔ သူမကို ဖိတ္ေခၚခဲ့ပါတယ္။ ခရီးစဥ္မွာ ထိုအမ်ိဳးသားက ပထမဆံုးအေနနဲ႔ ကိုကင္းေတြ တရားမ၀င္သယ္ေဆာင္ရာမွာ အကူအညီေပးဖို႔ သူမကိုေတာင္းဆိုခဲ့ပါတယ္။ ပထမေတာ့ သူမက ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အားလပ္ရက္ အေပ်ာ္ခရီးအလကားသြားရမယ္ဆိုတာေၾကာင့္ သေဘာတူလက္ခံခဲ့ေၾကာင္း သိရပါတယ္။

အခုအခါမွာေတာ့ မယ္လီနာဟာ သူမရဲ႕ပိုက္ဆံမက္ၿပီး လူၾကားထဲ အင္စတာဂရမ္မွာ ထင္ေပၚေက်ာ္ၾကားခ်င္တဲ့ အေပၚယံပကာသနစိတ္ေတြအတြက္ ေနာင္တရလ်က္ရွိေနပါတယ္။ တရားရံုးက သူမကို ခိုင္းေစခဲ့တဲ့ ပိုက္ဆံခ်မ္းသာသူအမ်ိဳးသားရဲ႕ နာမည္ကိုေမးျမန္းေပမယ့္ မယ္လီနာက ကေနဒါမွာရွိတဲ့ သူမမိသားစုရဲ႕လံုျခံဳေရးအတြက္ ထိုအမ်ိဳးသားရဲ႕နာမည္ကို ထုတ္ေဖာ္မေျပာဘူးလို႔ သိရပါတယ္။

လင္းလင္း (ShweMom)

Ref: Dailymail

Unicode

♥ထင်ပေါ်ကျော်ကြားမှုကိုလိုချင်ပြီး ပိုက်ဆံမက်လွန်းတာကြောင့် ဘဝပျက်ခဲ့ရတဲ့အမျိုးသမီး♥

ကနေဒီယန်အမျိုးသမီးတစ်ဦးဟာ သြစတေးလျကို ဆိုက်ကပ်မယ့် အပျော်စီးသငေ်္ဘာတစ်စီးထဲ ဒေါ်လာ(၂၁)သန်းတန်ဖိုးရှိတဲ့ ကိုကင်းတွေကို တရားမဝင် မှောင်ခိုသယ်ဆောင်လာခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၈) နှစ်ချမှတ်ခံရကြောင်းသိရပါတယ်။

ထိုအမျိုးသမီးဟာအသက်(၂၄)နှစ်အရွယ်ဖြစ်ပြီး မယ်လီနာရိုဘာ့ဂျ်လို့အမည်ရပါတယ်။ သူမကို (၂၀၁၆)ခုနှစ် သြဂုတ်လတွင်းမှာ ဖြစ်ပွားခဲ့တဲ့ Sea Princess အမည်ရှိ အပျော်စီးသငေ်္ဘာကြီးပေါ်ကို တရားမဝင်မူးယစ်ဆေးဝါးတွေ ကြံစည်တင်သွင်းမှုနဲ့ ပတ်သက်လို့ ဆစ်ဒနီတရားရုံးမှာ ဗုဒ္ဓဟူးနေ့တုန်းက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကိုကင်းတင်သွင်းမှုမှာ စုစုပေါင်းလူ(၃)ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ ယင်းအမှုဟာ သြစတေးလျနိုင်ငံအတွင်းဆိုက်ကပ်လာတဲ့ ပင်လယ်အပျော်ခရီးသငေ်္ဘာတွေထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အကြီးဆုံးတရားမဝင် မူးယစ်ဆေးဝါးတင်သွင်းမှုပဲဖြစ်ပါတယ်။ မယ်လီနာက သူမအခုလိုပြုလုပ်ရတာဟာ ဆိုရှယ်မီဒီယာအပေါ် စွဲလန်းလွန်းတာကြောင့် ဖြစ်ရတယ်လို့ဆိုပါတယ်။

မယ်လီနာဟာ ထူးခြားထင်ရှားတဲ့ဒေသတွေမှာ ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ်တင်လေ့ရှိကာ လူတွေရဲ့အားကျအထင်ကြီးမှုကို အလွန်အမင်း လိုချင်သူတစ်ဦးဖြစ်ပါတယ်။ သူမနဲ့ကြံရာပါတစ်ဦးဖြစ်သူ အပျော်မယ်အစ္စဘဲလ်လာဂေ့စ်ကိုလည်း နိုဝင်ဘာလကတည်းက ထောင်ဒဏ်(၄)နှစ်ခွဲချမှတ်ခဲ့ပါတယ်။

မယ်လီနာနဲ့ အစ္စဘဲလ်နှစ်ဦးစလုံးက သူတို့မှာတင်ရှိနေတဲ့အကြွေးဒေါ်လာ(၂)သောင်းကို ပေးချေစရာရှိတဲ့အတွက်ကြောင့် အခုလို ကိုကင်းမှောင်ခို တင်ဆောင်လာခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ မယ်လီနာဟာ (၂၀၁၅)ခုနှစ်တုန်းက အပျော်မယ်အဖြစ် အလုပ်လုပ်ရင်း ပိုက်ဆံချမ်းသာသူ အမျိုးသားကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ထိုအဖိုးကြီးရဲ့ အမြှောင်ဇနီးအဖြစ်နေရင်း (၂၀၁၆)ခုနှစ်မှာ ထိုအမျိုးသားက မော်ရိုကိုနိုင်ငံကို လာလည်ဖို့ သူမကို ဖိတ်ခေါ်ခဲ့ပါတယ်။ ခရီးစဉ်မှာ ထိုအမျိုးသားက ပထမဆုံးအနေနဲ့ ကိုကင်းတွေ တရားမဝင်သယ်ဆောင်ရာမှာ အကူအညီပေးဖို့ သူမကိုတောင်းဆိုခဲ့ပါတယ်။ ပထမတော့ သူမက ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အားလပ်ရက် အပျော်ခရီးအလကားသွားရမယ်ဆိုတာကြောင့် သဘောတူလက်ခံခဲ့ကြောင်း သိရပါတယ်။

အခုအခါမှာတော့ မယ်လီနာဟာ သူမရဲ့ပိုက်ဆံမက်ပြီး လူကြားထဲ အင်စတာဂရမ်မှာ ထင်ပေါ်ကျော်ကြားချင်တဲ့ အပေါ်ယံပကာသနစိတ်တွေအတွက် နောင်တရလျက်ရှိနေပါတယ်။ တရားရုံးက သူမကို ခိုင်းစေခဲ့တဲ့ ပိုက်ဆံချမ်းသာသူအမျိုးသားရဲ့ နာမည်ကိုမေးမြန်းပေမယ့် မယ်လီနာက ကနေဒါမှာရှိတဲ့ သူမမိသားစုရဲ့လုံခြုံရေးအတွက် ထိုအမျိုးသားရဲ့နာမည်ကို ထုတ်ဖော်မပြောဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

Leave a Reply

Your email address will not be published. Required fields are marked *