♥ဘုရားေဟာႏွင့္မကိုက္ညီသည့္မုျဒာပုံသဏၭာန္ထုလုပ္သူႏွင့္လက္ခံကုိးကြယ္သူမ်ားကုိအေရးယူမည္♥

♥ဘုရားေဟာႏွင့္မကိုက္ညီသည့္မုျဒာပုံသဏၭာန္ ထုလုပ္သူႏွင့္ လက္ခံကုိးကြယ္သူမ်ားကုိ အေရးယူမည္♥

ဘုရားေဟာက်မ္း မ်ားႏွင့္ ညီၫြတ္မႈမရွိေသာ မုျဒာ (ဗုဒၶလက္ေတာ္ဟန္)ပုံစံမ်ားကုိ ထုလုပ္သူမ်ားႏွင့္ လက္ခံကုိး ကြယ္ေသာသက္ဆိုင္ရာေက်ာင္း တိုက္ဆရာေတာ္မ်ားကုိ သာသ နာေတာ္ညိႇဳးႏြမ္းေစမႈျဖင့္ အေရး ယူမည္ဟု သာသနာေရးႏွင့္ယဥ္ ေက်းမႈ၀န္ႀကီးဌာန ဒုတိယအၿမဲ တမ္းအတြင္း၀န္ဦးဇာနည္၀င္းက ေျပာသည္။

‘‘ဒါနဲ႔ပတ္သက္လုိ႔ ကြၽန္ ေတာ္တို႔က ထုလုပ္တဲ့ပညာရွင္ ကုိလည္း ေခၚယူသတိေပးရ တယ္။ ဒုတိယက လက္ခံတဲ့သက္ ဆိုင္ရာေက်ာင္းတိုက္က ဆရာ ေတာ္ေတြကုိလည္း သက္ဆိုင္ရာ ၿမိဳ႕နယ္နာယကအဖြဲ႕က ဆုံးမ ဩ၀ါဒေပးရတယ္။ အဲဒီႏွစ္ပုိင္း သြားလုိ႔မွ လုိက္နာေဆာင္ရြက္ ျခင္းမရွိဘူးဆုိရင္ ကြၽန္ေတာ္တုိ႔က သာသနာေတာ္ညိႇဳးႏြမ္းေစမႈနဲ႔ ဥပေဒအတိုင္း ေဆာင္ရြက္မွာျဖစ္ ပါတယ္’’ ဟု ၎ကေျပာသည္။

ေမလ ၂၅ ရက္က ေနျပည္ ေတာ္ရွိ ျပန္ၾကားေရး၀န္ႀကီးဌာန တြင္ အစုိးရ ၂ ႏွစ္အတြင္း ေဆာင္ရြက္ခဲ့မႈမ်ားႏွင့္ပတ္သက္ ၍ ျပဳလုပ္ေသာ သတင္းစာရွင္း လင္းပြဲ၌မီဒီယာမ်ား၏ ေမးျမန္း မႈကုိ ၎ကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံ ၿမိဳ႕နယ္ ၆၂ လမ္းႏွင့္ လမ္း ၃၀ ေထာင့္၊ ေ၀ပုလႅာရာမ မကၡရာ ေက်ာင္းတိုက္ ျပည္ေတာ္ေအး ကမၻာ့ဒုကၠရစရိယာ႐ုပ္တုေတာ္ ႀကီး၀င္းအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ မ်ားသည္ မုျဒာဟန္အမ်ိဳးမ်ိဳးျဖင့္ တည္ထားသျဖင့္ အျငင္းပြားဖြယ္ ျဖစ္ခဲ့သည္။

ထုိ႔အျပင္ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ မင္း၀န္ေတာင္ေပၚ၌ စိႏၵာမုနိေက်ာင္းတိုက္ ဆရာေတာ္ အရွင္စႏိၵမာသာရ တည္ထား ေသာ ေစတီႏွင့္ဘုရားဆင္းတု ေတာ္မ်ားသည္ ထူးျခားေသာဘြဲ႕ အမည္မ်ားႏွင့္ တစ္မူကြဲျပားေသာ မုျဒာဟန္မ်ားျဖစ္၍ လူမႈကြန္ ရက္တြင္ပ်ံ႕ႏွံ႔ခဲ့ၿပီး ေ၀ဖန္ေျပာဆုိ မႈမ်ားရွိခဲ့သည္။

၀န္ႀကီးဌာနမွ ျပဳစုထား ေသာ မွတ္တမ္းမ်ားအရ ေခတ္ အဆက္ဆက္ကုိးကြယ္ခ့ဲေသာ မုျဒာအမ်ိဳးအစားေပါင္း ၁၀၈ မ်ိဳး အနက္ ၅၇မ်ိဳးသာ အမ်ားဆုံးအ သုံးျပဳေၾကာင္း ဦးဇာနည္၀င္းက ဆုိသည္။

‘‘မုျဒာဆုိတာကေတာ့ ဂါရ၀ ျဖစ္ဖြယ္၊ ၾကည္ညိဳဖြယ္၊ ႏွစ္သက္ ဖြယ္အဆင္းသဏၭာန္ရွိတဲ့ ျမတ္ ဗုဒၶရဲ႕ ပုံေတာ္ျဖစ္ပါတယ္။ ဒီ ၅၇ မ်ိဳးထဲမွာ တကယ့္ၾကည္ညိဳဖြယ္၊ ႏွစ္သက္ဖြယ္၊ ဂါရ၀ျဖစ္ဖြယ္ျဖစ္ တဲ့ ေထရ၀ါဒနဲ႔ ဘုရားေဟာတဲ့ က်မ္းဂန္ေတြနဲ႔ညီၫြတ္တဲ့ မုျဒာ ၂၄ မ်ိဳးပဲရွိပါတယ္’’ ဟုဦးဇာနည္ ၀င္းက ေျပာသည္။

လက္ရွိတြင္ ဌာနကသတ္ မွတ္ထားသည့္ မုျဒာအမ်ိဳးအစား မ်ားႏွင့္ဆန္႔က်င္ကြဲလဲြေနသည့္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားကုိ ေနျပည္ ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ေတြ႕ ျမင္ေနရၿပီး ျပန္လည္ျပင္ဆင္ေရး သက္ဆုိင္ရာၿမိဳ႕နယ္ သံဃနာယ ကအဖြဲ႕မ်ားမွတစ္ဆင့္ ေခၚယူ သတိေပးထားေၾကာင္း ၎ကဆုိ သည္။

‘‘သက္ဆုိင္ရာေက်ာင္း တိုက္ကထားရွိတဲ့ ဆရာေတာ္ ေတြကုိလည္း ၿမိဳ႕နယ္သံဃနာယ ကအဖြဲ႕က ေခၚယူသတိေပးဆုံးမ တယ္။ အဲဒီလုိသတိေပးတဲ့အ တြက္ အဲဒီမုျဒာေတြကုိျပန္ျပင္ တယ္။ မႏၲေလးမွာေတာ့ အကုန္ ျပင္ၿပီးၿပီ။ အခုေနျပည္ေတာ္မွာ လည္းေဆာင္ရြက္ေနတယ္’’ ဟု ဒုတိယအၿမဲတမ္းအတြင္း၀န္က ဆက္လက္ေျပာၾကားသည္။

Unicode

♥ဘုရားဟောနှင့်မကိုက်ညီသည့်မုဒြာပုံသဏ္ဌာန် ထုလုပ်သူနှင့် လက်ခံကိုးကွယ်သူများကို အရေးယူမည်♥

ဘုရားဟောကျမ်း များနှင့် ညီညွတ်မှုမရှိသော မုဒြာ (ဗုဒ္ဓလက်တော်ဟန်)ပုံစံများကို ထုလုပ်သူများနှင့် လက်ခံကိုး ကွယ်သောသက်ဆိုင်ရာကျောင်း တိုက်ဆရာတော်များကို သာသ နာတော်ညှိုးနွမ်းစေမှုဖြင့် အရေး ယူမည်ဟု သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန်ဦးဇာနည်ဝင်းက ပြောသည်။

‘‘ဒါနဲ့ပတ်သက်လို့ ကျွန် တော်တို့က ထုလုပ်တဲ့ပညာရှင် ကိုလည်း ခေါ်ယူသတိပေးရ တယ်။ ဒုတိယက လက်ခံတဲ့သက် ဆိုင်ရာကျောင်းတိုက်က ဆရာ တော်တွေကိုလည်း သက်ဆိုင်ရာ မြို့နယ်နာယကအဖွဲ့က ဆုံးမ ဩဝါဒပေးရတယ်။ အဲဒီနှစ်ပိုင်း သွားလို့မှ လိုက်နာဆောင်ရွက် ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့က သာသနာတော်ညှိုးနွမ်းစေမှုနဲ့ ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ် ပါတယ်’’ ဟု ၎င်းကပြောသည်။

မေလ ၂၅ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင် အစိုးရ ၂ နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက် ၍ ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌မီဒီယာများ၏ မေးမြန်း မှုကို ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့်၊ ဝေပုလ္လာရာမ မက္ခရာ ကျောင်းတိုက် ပြည်တော်အေး ကမ္ဘာ့ဒုက္ကရစရိယာရုပ်တုတော် ကြီးဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် များသည် မုဒြာဟန်အမျိုးမျိုးဖြင့် တည်ထားသဖြင့် အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

ထို့အပြင် နေပြည်တော် ပျဉ်းမနားမြို့ မင်းဝန်တောင်ပေါ်၌ စိန္ဒာမုနိကျောင်းတိုက် ဆရာတော် အရှင်စန္ဒိမာသာရ တည်ထား သော စေတီနှင့်ဘုရားဆင်းတု တော်များသည် ထူးခြားသောဘွဲ့ အမည်များနှင့် တစ်မူကွဲပြားသော မုဒြာဟန်များဖြစ်၍ လူမှုကွန် ရက်တွင်ပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆို မှုများရှိခဲ့သည်။

ဝန်ကြီးဌာနမှ ပြုစုထား သော မှတ်တမ်းများအရ ခေတ် အဆက်ဆက်ကိုးကွယ်ခဲ့သော မုဒြာအမျိုးအစားပေါင်း ၁၀၈ မျိုး အနက် ၅၇မျိုးသာ အများဆုံးအ သုံးပြုကြောင်း ဦးဇာနည်ဝင်းက ဆိုသည်။

‘‘မုဒြာဆိုတာကတော့ ဂါရ၀ ဖြစ်ဖွယ်၊ ကြည်ညိုဖွယ်၊ နှစ်သက် ဖွယ်အဆင်းသဏ္ဌာန်ရှိတဲ့ မြတ် ဗုဒ္ဓရဲ့ ပုံတော်ဖြစ်ပါတယ်။ ဒီ ၅၇ မျိုးထဲမှာ တကယ့်ကြည်ညိုဖွယ်၊ နှစ်သက်ဖွယ်၊ ဂါရဝဖြစ်ဖွယ်ဖြစ် တဲ့ ထေရဝါဒနဲ့ ဘုရားဟောတဲ့ ကျမ်းဂန်တွေနဲ့ညီညွတ်တဲ့ မုဒြာ ၂၄ မျိုးပဲရှိပါတယ်’’ ဟုဦးဇာနည် ဝင်းက ပြောသည်။

လက်ရှိတွင် ဌာနကသတ် မှတ်ထားသည့် မုဒြာအမျိုးအစား များနှင့်ဆန့်ကျင်ကွဲလွဲနေသည့် ဗုဒ္ဓရုပ်ပွားတော်များကို နေပြည် တော်နှင့် မန္တလေးမြို့တို့တွင်တွေ့ မြင်နေရပြီး ပြန်လည်ပြင်ဆင်ရေး သက်ဆိုင်ရာမြို့နယ် သံဃနာယ ကအဖွဲ့များမှတစ်ဆင့် ခေါ်ယူ သတိပေးထားကြောင်း ၎င်းကဆို သည်။

‘‘သက်ဆိုင်ရာကျောင်း တိုက်ကထားရှိတဲ့ ဆရာတော် တွေကိုလည်း မြို့နယ်သံဃနာယ ကအဖွဲ့က ခေါ်ယူသတိပေးဆုံးမ တယ်။ အဲဒီလိုသတိပေးတဲ့အ တွက် အဲဒီမုဒြာတွေကိုပြန်ပြင် တယ်။ မန္တလေးမှာတော့ အကုန် ပြင်ပြီးပြီ။ အခုနေပြည်တော်မှာ လည်းဆောင်ရွက်နေတယ်’’ ဟု ဒုတိယအမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *