♥မိဘေတြပါထိခိုက္လာလို႔မွတ္ပံုတင္ေတြ ပတ္စပို႔စ္ေတြပါတင္ၿပီး ေျဖရွင္းလိုက္ရတဲ့ မေအးေသာင္း ရဲ႕ ျဖစ္ရပ္♥

♥မိဘေတြပါ ထိခိုက္လာလို႔ မွတ္ပံုတင္ေတြ ပတ္စပို႔စ္ေတြပါတင္ၿပီး ေျဖရွင္းလိုက္ရတဲ့ မေအးေသာင္း ရဲ႕ ျဖစ္ရပ္♥

ယေန႔ လူေျပာမ်ားေနတဲ့ မေအးေသာင္းရဲ႕ အသက္နဲ႔ပတ္သတ္ၿပီး ျငင္းခုန္ေနၾကတာ ေတြ႕ရပါတယ္။ အခ်ိဳ႕ေသာသူေတြက အေပ်ာ္သေဘာ ျငင္းခုန္ေနတာတင္ မဟုတ္ပဲ မိဘေတြပါ ထိခိုက္လာတဲ့အတြက္ မေအးေသာင္းဟာ သူမရဲ႕ အသက္နဲ႔ပတ္သတ္ၿပီး ယခုလို ေျဖရွင္းလိုက္ရပါတယ္။

ပထမေတာ့ ျဖစ္ေနက်မုိ႔ မေျဖရွင္းေတာ့ပါဘူးလုိ႔ စိတ္ထားခ့ဲေပမယ့္ မၿပီးႏုိင္တဲ့ စြတ္စြဲမႈေတြက ရပ္မသြားခ့ဲတဲ့အျပင္၊ ကုိယ့္အေမနဲ႔အေဖတုိ႔ကုိပါ မယဥ္ေက်းတ့ဲ အသုံးအႏႈန္းေတြနဲ႔ ထပ္တုိး ထိခုိက္္လာလုိ႔ စိတ္မေကာင္းျဖစ္ရပါတယ္။

ကုိယ္တုိင္လည္း သင္ခန္းစာယူျဖစ္ပါတယ္။ ကုိယ္လည္းတကယ္ မသိပဲ၊ မေသခ်ာပဲေျပာတ့ဲ စကားတစ္ခြန္း၊ စြတ္စြဲတစ္ခုခ်က္ဟာ ကုိယ္က ေပါ့ေပါ့ပါးပါး ၿပီးစလြယ္ ေျပာထြက္ခ့ဲေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ ရုိးသားစြာ ေနထုိင္ ေနတဲ့ မိသားစုတစ္ခုအတြက္ ထိခုိက္စိတ္အေႏွာက္အယွက္ ျဖစ္စရာ ျဖစ္ရတယ္ ဆုိတာပါ။

ဆက္မေျဖရွင္းပဲေနရင္ မိသားစုကုိ ဒီ့ထက္ဆုိးတ့ဲ ထိခုိက္မႈေတြ ထပ္ရွိလာမွာ စုိးတာေၾကာင့္ရယ္၊

ကုိယ့္ကုိေမတၱာထားေနၾကတ့ဲ Facebookက အမိ်ဳးေတြကပါ ကုိယ့္ကုိ လိမ္ေနတယ္လုိ႔ မထင္သြားေစခ်င္တာေၾကာင့္ ပထမဆုံးအႀကိမ္နဲ႔
ေနာက္ဆုံးအႀကိမ္အျဖစ္ ေျဖရွင္းပါရေစရွင့္။

၁၉၉၆ ေပါက္စီ အသက္(၁၂)ႏွစ္မွာ model စ လုပ္ခြင့္ရခ့ဲပါတယ္။၂၀၀၀ ခုႏွစ္မွာ (၁၀) တန္းကို ႏွစ္ျခင္းေပါက္ အ.ထ.က (၂) ရန္ကင္းမွ ေအာင္ျမင္ခဲ့ပါတယ္။ မႀကီးႏွင္းဝတ္ရည္ေသာင္းရဲ႕ Model အလုပ္ကုိ အေဖၚအျဖစ္ လုိက္လုိက္သြားခ့ဲပါတယ္။ တေန႔မွာ ဆရာဂ်ြန္လြင္ က ေတြ႔ၿပီး model လုပ္ခုိင္းရာက ေမာ္ဒန္ေလာကထဲစဝင္ျဖစ္ခ့ဲတာပါ။ ၁၉၉၈ အသက္ (၁၄) ႏွစ္မွာ Miss X’Mas ဆုကိုရခဲ့ပါတယ္။ အဲ့ဒီ့ ႏွစ္မွာပဲ မင္းသားကုိလြင္မိုး မင္းသမီး မအူဝဲ၊ ခ်စ္ခင္ေလးစားရေသာ ာသသရုပ္ေဆာင္ ဦးအ႐ိုင္း ဒါရုိက္တာ ဦမ်ိဳးမင္း တုိ႔နဲ႔ ဖလင္ရုပ္ရွင္ကားႀကီး စရုိက္ခ့ဲရပါတယ္။

(၁၉၈၄)ခုႏွစ္ မွာ ေမြးပါတယ္။ ကုိယ္ခ်စ္တ့ဲသူေတြကုိ လိမ္စရာအေၾကာင္းမရွိသလုိ၊ အခုလုိ ဂရုစုိက္မႈေတြကုိလည္း ေက်းဇူးတင္ပါတယ္။ ဒီေအာင္ျမင္မႈဟာလည္း အၿမဲတည္ေနမွာ မဟုတ္တာမုိ႔ အခုလုိရခဲတ့ဲ ‘ကံေကာင္းေနခ်ိန္ေလးေတြ’ကုိ အားလုံးအတြက္ တန္ဖုိးရွိေအာင္ ႀကိဳးစားေနပါတယ္။ အားလုံးၿငိမ္းခ်မ္းၾကပါေစေနာ္ ဆိုၿပီးေရးသားထားပါတယ္။

Unicode

♥မိဘတွေပါ ထိခိုက်လာလို့ မှတ်ပုံတင်တွေ ပတ်စပို့စ်တွေပါတင်ပြီး ဖြေရှင်းလိုက်ရတဲ့ မအေးသောင်း ရဲ့ ဖြစ်ရပ်♥

ယနေ့ လူပြောများနေတဲ့ မအေးသောင်းရဲ့ အသက်နဲ့ပတ်သတ်ပြီး ငြင်းခုန်နေကြတာ တွေ့ရပါတယ်။ အချို့သောသူတွေက အပျော်သဘော ငြင်းခုန်နေတာတင် မဟုတ်ပဲ မိဘတွေပါ ထိခိုက်လာတဲ့အတွက် မအေးသောင်းဟာ သူမရဲ့ အသက်နဲ့ပတ်သတ်ပြီး ယခုလို ဖြေရှင်းလိုက်ရပါတယ်။

ပထမတော့ ဖြစ်နေကျမို့ မဖြေရှင်းတော့ပါဘူးလို့ စိတ်ထားခဲ့ပေမယ့် မပြီးနိုင်တဲ့ စွတ်စွဲမှုတွေက ရပ်မသွားခဲ့တဲ့အပြင်၊ ကိုယ့်အမေနဲ့အဖေတို့ကိုပါ မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ ထပ်တိုး ထိခိုက်လာလို့ စိတ်မကောင်းဖြစ်ရပါတယ်။

ကိုယ်တိုင်လည်း သင်ခန်းစာယူဖြစ်ပါတယ်။ ကိုယ်လည်းတကယ် မသိပဲ၊ မသေချာပဲပြောတဲ့ စကားတစ်ခွန်း၊ စွတ်စွဲတစ်ခုချက်ဟာ ကိုယ်က ပေါ့ပေါ့ပါးပါး ပြီးစလွယ် ပြောထွက်ခဲ့ပေမယ့် နောက်ဆက်တွဲအနေနဲ့ ရိုးသားစွာ နေထိုင် နေတဲ့ မိသားစုတစ်ခုအတွက် ထိခိုက်စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ရတယ် ဆိုတာပါ။

ဆက်မဖြေရှင်းပဲနေရင် မိသားစုကို ဒီ့ထက်ဆိုးတဲ့ ထိခိုက်မှုတွေ ထပ်ရှိလာမှာ စိုးတာကြောင့်ရယ်၊

ကိုယ့်ကိုမေတ္တာထားနေကြတဲ့ Facebookက အမျိုးတွေကပါ ကိုယ့်ကို လိမ်နေတယ်လို့ မထင်သွားစေချင်တာကြောင့် ပထမဆုံးအကြိမ်နဲ့
နောက်ဆုံးအကြိမ်အဖြစ် ဖြေရှင်းပါရစေရှင့်။

၁၉၉၆ ပေါက်စီ အသက်(၁၂)နှစ်မှာ model စ လုပ်ခွင့်ရခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာ (၁၀) တန်းကို နှစ်ခြင်းပေါက် အ.ထ.က (၂) ရန်ကင်းမှ အောင်မြင်ခဲ့ပါတယ်။ မကြီးနှင်းဝတ်ရည်သောင်းရဲ့ Model အလုပ်ကို အဖေါ်အဖြစ် လိုက်လိုက်သွားခဲ့ပါတယ်။ တနေ့မှာ ဆရာဂျွန်လွင် က တွေ့ပြီး model လုပ်ခိုင်းရာက မော်ဒန်လောကထဲစဝင်ဖြစ်ခဲ့တာပါ။ ၁၉၉၈ အသက် (၁၄) နှစ်မှာ Miss X’Mas ဆုကိုရခဲ့ပါတယ်။ အဲ့ဒီ့ နှစ်မှာပဲ မင်းသားကိုလွင်မိုး မင်းသမီး မအူဝဲ၊ ချစ်ခင်လေးစားရသော ာသသရုပ်ဆောင် ဦးအရိုင်း ဒါရိုက်တာ ဦမျိုးမင်း တို့နဲ့ ဖလင်ရုပ်ရှင်ကားကြီး စရိုက်ခဲ့ရပါတယ်။

(၁၉၈၄)ခုနှစ် မှာ မွေးပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို လိမ်စရာအကြောင်းမရှိသလို၊ အခုလို ဂရုစိုက်မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအောင်မြင်မှုဟာလည်း အမြဲတည်နေမှာ မဟုတ်တာမို့ အခုလိုရခဲတဲ့ ‘ကံကောင်းနေချိန်လေးတွေ’ကို အားလုံးအတွက် တန်ဖိုးရှိအောင် ကြိုးစားနေပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေနော် ဆိုပြီးရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *