“အေမရိကန္တြင္ ေျခလက္တုပ္ေႏွာင္ခံထားရသည့္ ျမန္မာအမ်ဳိးသမီးအေလာင္း ဗီ႐ုိထဲေတြ႔ရွိ”

“အေမရိကန္တြင္ ေျခလက္တုပ္ေႏွာင္ခံထားရသည့္ ျမန္မာအမ်ဳိးသမီးအေလာင္း ဗီ႐ုိထဲေတြ႔ရွိ”

အေမရိကန္ျပည္ေထာင္စု၊ ဘရြတ္ကလင္းမွာ ေနထိုင္တဲ့ ျမန္မာအမ်ိဳးသမီးတဦးရဲ႕ အေလာင္းကို သူ႔အိမ္ထဲက အဝတ္ဗီ႐ုိထဲမွာ ေတြ႔ရွိရေၾကာင္း နယူးေယာက္တိုင္းမ္သတင္းမွာ ထုတ္ျပန္ထားပါတယ္။

အသက္ ၅၈ ႏွစ္အရြယ္ ေဒၚၾကည္မာသိန္း လို႔ အမည္ရတဲ့ ေသဆံုးသူဟာ ဘရြတ္ကလင္းက ဆူနီ Downstate Medical Center မွာ မွတ္ပံုတင္ရ သူနာျပဳတဦးျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညပိုင္း အလုပ္ကိုလာဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ေပ်ာက္ဆံုးေနၿပီး ၃ ရက္အၾကာ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္တဦးက သူ႔အိမ္ကို လိုက္သြားတဲ့အခါ စေနေန႔ မနက္ ၇ နာရီေလာက္မွာေတာ့ သူ႔ရဲ႕အိပ္ခန္းအတြင္းက ဗီ႐ုိထဲမွာ ေျခလက္ေတြ တုပ္ေႏွာင္ထားၿပီး ပါးစပ္ထဲ အဝတ္ေတြ ဆို႔ထားတဲ့အေလာင္းကို အိပ္ရာခင္းနဲ႔ ရစ္ပတ္ထုပ္ပိုးထားတာ ေတြ႔ရွိခဲ့ရလို႔ ရဲကို အေၾကာင္းၾကားလိုက္တာ ျဖစ္ပါတယ္။

႐ုန္းကန္ထားတဲ့ အေျခအေနမ်ိဳး မေတြ႔ရေၾကာင္းနဲ႔ ရဲေတြေရာက္လာတဲ့အခါ အိမ္ထဲမွာ တျခားဘယ္သူ႔ကိုမွ မေတြ႔ခဲ့ရဘူးလို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ေသဆံုးသူမွာ သားျဖစ္သူ ဆရာဝန္တစ္ေယာက္ရွိပါတယ္။ ေဒၚၾကည္မာသိန္း ေသဆံုးရတဲ့ အေၾကာင္းရင္းကို သိရဖို႔ အေလာင္းကို ခြဲစိပ္စစ္ေဆးဖို႔ စီစဥ္ထားၿပီး ခုထိေတာ့ ေသဆံုးမႈနဲ႔ ဆက္ႏႊယ္တဲ့ ဖမ္းဆီးထားမႈေတာ့ မရွိေသးပါဘူး။

Unicode

“အမေရိကန်တွင် ခြေလက်တုပ်နှောင်ခံထားရသည့် မြန်မာအမျိုးသမီးအလောင်း ဗီရိုထဲတွေ့ရှိ”

အမေရိကန်ပြည်ထောင်စု၊ ဘရွတ်ကလင်းမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတဦးရဲ့ အလောင်းကို သူ့အိမ်ထဲက အဝတ်ဗီရိုထဲမှာ တွေ့ရှိရကြောင်း နယူးယောက်တိုင်းမ်သတင်းမှာ ထုတ်ပြန်ထားပါတယ်။

အသက် ၅၈ နှစ်အရွယ် ဒေါ်ကြည်မာသိန်း လို့ အမည်ရတဲ့ သေဆုံးသူဟာ ဘရွတ်ကလင်းက ဆူနီ Downstate Medical Center မှာ မှတ်ပုံတင်ရ သူနာပြုတဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်း အလုပ်ကိုလာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပျောက်ဆုံးနေပြီး ၃ ရက်အကြာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တဦးက သူ့အိမ်ကို လိုက်သွားတဲ့အခါ စနေနေ့ မနက် ၇ နာရီလောက်မှာတော့ သူ့ရဲ့အိပ်ခန်းအတွင်းက ဗီရိုထဲမှာ ခြေလက်တွေ တုပ်နှောင်ထားပြီး ပါးစပ်ထဲ အဝတ်တွေ ဆို့ထားတဲ့အလောင်းကို အိပ်ရာခင်းနဲ့ ရစ်ပတ်ထုပ်ပိုးထားတာ တွေ့ရှိခဲ့ရလို့ ရဲကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

ရုန်းကန်ထားတဲ့ အခြေအနေမျိုး မတွေ့ရကြောင်းနဲ့ ရဲတွေရောက်လာတဲ့အခါ အိမ်ထဲမှာ တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူမှာ သားဖြစ်သူ ဆရာဝန်တစ်ယောက်ရှိပါတယ်။ ဒေါ်ကြည်မာသိန်း သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ စီစဉ်ထားပြီး ခုထိတော့ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ ဖမ်းဆီးထားမှုတော့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *