“အေမရိကန္ႏိုင္ငံ၊ဘရြတ္ကလင္းတြင္ ျမန္မာအမ်ဳိးသမီး သူနာျပဳတစ္ဦး အသတ္ခံရ”

“အေမရိကန္ႏိုင္ငံ၊ဘရြတ္ကလင္းတြင္ ျမန္မာအမ်ဳိးသမီး သူနာျပဳတစ္ဦး အသတ္ခံရ”

ဘရြတ္ကလင္းတြင္ ျမန္မာအမ်ဳိးသမီး သူနာျပဳတစ္ဦး အသတ္ခံရ

ဘရြတ္ကလင္း၊ ဇူလိုင္ ၂၂

ပါးစပ္ကိုပိတ္ဆို႔၍ ေျခလက္မ်ားကိုပါတုပ္ေႏွာင္ထားျပီး အိပ္ရာခင္းႏွင့္ထုတ္ထားသည့္ အမ်ဳိးသမီးအေလာင္းတစ္ေလာင္းကို အေမရိကန္ႏိုင္ငံ ဘရြတ္ကလင္းျမိဳ႔ရွိ ေသဆုံးသူ၏ အိပ္ခန္းထဲရွိ ဘီရိုငယ္အတြင္းတြင္ ေတြ႔ရသျဖင့္ မည္သူမည္၀ါျဖစ္ေၾကာင္းစုံစမ္းရာတြင္ အသက္ ၅၈ ႏွစ္အရြယ္ရွိ ျမန္မာအမ်ဳိးသမီး ေဒၚၾကည္မာသိန္းဆိုသူ ျဖစ္ေနေၾကာင္း ရဲတပ္ဖြဲ႔က သိရွိရသည္ဟု နယူးေယာက္ျမိဳ႔အေျခစိုက္ New York Daily News သတင္းဌာမွ သတင္းတစ္ပုဒ္၀ယ္ေရးသားထားသည္။

ဘရြတ္ကလင္းရွိ East Flatbush အေဆာက္အအုံမွ ေဒၚၾကည္မာသိန္း၏ အခန္းတြင္း၀ယ္ သူ၏ ရုပ္အေလာင္းကို ျပီးခဲ့သည့္ စေနေန႔ နံနက္ ၇ နာရီခန္႔တြင္ ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

“မမ္မီရုပ္အေလာင္းလိုပဲထုပ္ထားတာ”ဟု ေဒၚၾကည္မာသိန္းႏွင့္အတူတကြ အလုပ္လုပ္ကိုင္သူအမ်ဳိးသမီးက Daily News သတင္းဌာနသို႔ ငိုလ်က္ေျပာသည္။

ေဒၚၾကည္မာသိန္းသည္ သူႏွင့္အလုပ္အတူလုပ္ကိုင္သူ အသက္ ၂၃ ႏွစ္အရြယ္ အျခားအမ်ဳိးသမီးတစ္ဦးကို သူႏွင့္အတူေနရန္ လြန္ခဲ့သည့္ ၂ လခန္႔က အိမ္သို႔ေခၚထားေၾကာင္းႏွင့္ ယင္းအမ်ဴိးသမီးကိုလည္း ယခုမေတြ႔ရေၾကာင္း သူကေျပာသည္။

ေဒၚၾကည္မာသိန္းသည္ လိုင္စင္ရ သူနာျပဳတစ္ဦးျဖစ္ကာ ဘရြတ္ကလင္းျမိဳ႔ရွိ SUNY Downstate Medical Center တြင္ အလုပ္လုပ္ကိုင္ေနသူျဖစ္ျပီး ဗုဒၶဟူးေန႔ညတြင္ အလုပ္သို႔ေရာက္မလာရာမွစ၍ သူ၏ မိတ္ေဆြတစ္ဦးက စိုးရိမ္ပူပန္လာကာ ေနာက္ဆုံးတြင္ အိမ္သို႔လိုက္သြားရာမွ သူေပ်ာက္ဆုံးျပီး ၃ ရက္မွ် အၾကာျဖစ္သည့္ စေနေန႔တြင္ ရုပ္အေလာင္းကို ယခုကဲ့သို႔ အခန္းတြင္း၀ယ္ ေတြရွိရာတြင္ ရဲသို႔အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

သူ၏ အိမ္ခန္းတြင္ အျခားသူမည္သူမွ်မေတြ႔သလို ရုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့သည့္ လကၡဏာသဲလြန္စမ်ားလည္းမေတြ႔ရွိေၾကာင္း ရဲကေျပာသည္။

ေဒၚၾကည္မာသိန္း၀ယ္ သားတစ္ဦးရွိျပီး သားျဖစ္သူမွာ ဆရာ၀န္တစ္ဦးျဖစ္ေၾကာင္း အိမ္နီးခ်င္းမ်ားထံမွ သိရသည္။

ေသဆုံးျပီးေနာက္ရင္ခြဲစစ္ေဆးမႈကိုသက္ဆိုင္ရာကျပဳလုပ္ျပီးျဖစ္ကာ ယခုအခ်ိန္အထိ တရားခံကို ဖမ္းဆီးရမိျခင္းမရွိေသးပဲ စုံစမ္းေနဆဲျဖစ္ေၾကာင္း New York Daily Newsသတင္းဌာနမွ ေရးသားထားသည္။

PN002
ref: Bound woman found dead, stuffed in closet of Brooklyn home

Unicode

ဘရွတ်ကလင်းတွင် မြန်မာအမျိုးသမီး သူနာပြုတစ်ဦး အသတ်ခံရ

ဘရွတ်ကလင်း၊ ဇူလိုင် ၂၂

ပါးစပ်ကိုပိတ်ဆို့၍ ခြေလက်များကိုပါတုပ်နှောင်ထားပြီး အိပ်ရာခင်းနှင့်ထုတ်ထားသည့် အမျိုးသမီးအလောင်းတစ်လောင်းကို အမေရိကန်နိုင်ငံ ဘရွတ်ကလင်းမြို့ရှိ သေဆုံးသူ၏ အိပ်ခန်းထဲရှိ ဘီရိုငယ်အတွင်းတွင် တွေ့ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်းစုံစမ်းရာတွင် အသက် ၅၈ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ဒေါ်ကြည်မာသိန်းဆိုသူ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က သိရှိရသည်ဟု နယူးယောက်မြို့အခြေစိုက် New York Daily News သတင်းဌာမှ သတင်းတစ်ပုဒ်ဝယ်ရေးသားထားသည်။

ဘရွတ်ကလင်းရှိ East Flatbush အဆောက်အအုံမှ ဒေါ်ကြည်မာသိန်း၏ အခန်းတွင်းဝယ် သူ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် စနေနေ့ နံနက် ၇ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“မမ်မီရုပ်အလောင်းလိုပဲထုပ်ထားတာ”ဟု ဒေါ်ကြည်မာသိန်းနှင့်အတူတကွ အလုပ်လုပ်ကိုင်သူအမျိုးသမီးက Daily News သတင်းဌာနသို့ ငိုလျက်ပြောသည်။

ဒေါ်ကြည်မာသိန်းသည် သူနှင့်အလုပ်အတူလုပ်ကိုင်သူ အသက် ၂၃ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးကို သူနှင့်အတူနေရန် လွန်ခဲ့သည့် ၂ လခန့်က အိမ်သို့ခေါ်ထားကြောင်းနှင့် ယင်းအမျိူးသမီးကိုလည်း ယခုမတွေ့ရကြောင်း သူကပြောသည်။

ဒေါ်ကြည်မာသိန်းသည် လိုင်စင်ရ သူနာပြုတစ်ဦးဖြစ်ကာ ဘရွတ်ကလင်းမြို့ရှိ SUNY Downstate Medical Center တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညတွင် အလုပ်သို့ရောက်မလာရာမှစ၍ သူ၏ မိတ်ဆွေတစ်ဦးက စိုးရိမ်ပူပန်လာကာ နောက်ဆုံးတွင် အိမ်သို့လိုက်သွားရာမှ သူပျောက်ဆုံးပြီး ၃ ရက်မျှ အကြာဖြစ်သည့် စနေနေ့တွင် ရုပ်အလောင်းကို ယခုကဲ့သို့ အခန်းတွင်းဝယ် တွေရှိရာတွင် ရဲသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သူ၏ အိမ်ခန်းတွင် အခြားသူမည်သူမျှမတွေ့သလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် လက္ခဏာသဲလွန်စများလည်းမတွေ့ရှိကြောင်း ရဲကပြောသည်။

ဒေါ်ကြည်မာသိန်းဝယ် သားတစ်ဦးရှိပြီး သားဖြစ်သူမှာ ဆရာဝန်တစ်ဦးဖြစ်ကြောင်း အိမ်နီးချင်းများထံမှ သိရသည်။

သေဆုံးပြီးနောက်ရင်ခွဲစစ်ဆေးမှုကိုသက်ဆိုင်ရာကပြုလုပ်ပြီးဖြစ်ကာ ယခုအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း New York Daily Newsသတင်းဌာနမှ ရေးသားထားသည်။

PN002
ref: Bound woman found dead, stuffed in closet of Brooklyn ho

Leave a Reply

Your email address will not be published. Required fields are marked *