” ႐ုံမတင္ရေသးခင္ အြန္လုိင္းေပၚ ပ်ံ႕ႏွံ႔လာတဲ့ ဇာတိေျမ ဇာတ္ကားဂယက္ “

” ႐ုံမတင္ရေသးခင္ အြန္လုိင္းေပၚ ပ်ံ႕ႏွံ႔လာတဲ့ ဇာတိေျမ ဇာတ္ကားဂယက္ “

ဇူလုိင္ေနာက္ဆုံးပတ္ တြင္ ႐ုံတင္ျပသမည့္ ‘ဇာတိေျမ’ ႐ုပ္ရွင္ဇာတ္ကား အြန္လုိင္း၌ ပ်ံ႕ႏွံ႔ေနေသာေၾကာင့္ ယင္းကိစၥ ကုိအားလုံးက ၀ိုင္း၀န္းကူညီရန္ ဒါ႐ုိက္တာ ၾကည္ျဖဴသွ်င္က ေမတၱာရပ္ခံသည္။

‘‘ကြၽန္မတို႔ ျမန္မာႏုိင္ငံသား ေတြအားလုံး ညီၫြတ္မႈကိုျပေပး ပါ။ လူတစ္စုေၾကာင့္ က်ရတဲ့ သိကၡာကို လူအမ်ားက ၀ိုင္း၀န္း ကူညီျမႇင့္တင္ေပးၾကပါ။ ‘ဇာတိ ေျမ’ ႐ုပ္ရွင္ကို Share သူ၊ တင္သူ မ်ားအား ျဖဳတ္ခိုင္းျခင္း၊ မရလွ်င္ Report ထုျခင္းစသည္ျဖင့္ ကူညီၾကပါ။ ႏုိင္ငံရပ္ျခားေရာက္ေနေသာ ျမန္မာႏုိင္ငံသားမ်ား လည္း ကူညီၾကပါ ။ ဂ်ပန္၊ ျမန္မာ ခ်စ္ၾကည္ေရးသမုိင္းအတြက္ အ မည္းစက္ျဖစ္ေစေသာ ထုိလုပ္ရပ္ကို အားလုံးရဲ႕ ကူညီမႈျဖင့္ ျပန္လည္ျဖဴစင္ေအာင္ ေဆးေၾကာေပးၾကပါ။ ျမန္မာႏုိင္ငံသားအားလုံးသို႔ အကူအညီေတာင္းခံအပ္ပါသည္’’ ဟု ဒါ႐ုိက္တာၾကည္ျဖဴသွ်င္က ၎၏ ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာတြင္ ဇူလုိင္ ၂၂ ရက္က ေရးသားထားသည္။

ယခင္က ဇာတ္ကားမ်ား ႐ုံတင္ေနသည့္အခ်ိန္ႏွင့္ ႐ုံတင္ၿပီးခ်ိန္တြင္ အြန္လုိင္း၌ ဇာတ္ကားမ်ား ပ်ံ႕ႏွံ႔သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး ဇာတိေျမဇာတ္ကားသည္ ႐ုံတင္ရန္ ရက္ပိုင္းအလိုတြင္ အြန္လိုင္း၌ တစ္ကားလုံး ပ်ံ႕ႏံ႔ွျခင္းျဖစ္သည္။

ဇာတိေျမ႐ုပ္ရွင္ဇာတ္ကား ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ယင္းဇာတ္ကားကို တရားမ၀င္ကူးယူ ျဖန္႔ခ်ိျခင္း၊ အြန္လုိင္းတင္ျခင္း၊ လက္၀ယ္ထားရွိ ျခင္းမျပဳလုပ္ရန္ ေမတၱာရပ္ခံထားၿပီး ဆက္လက္လုပ္ေဆာင္ေနသူမ်ားကို တည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ ေၾကာင္း ေရးသားထားသည္။

ထုိ႔ျပင္ ပ်ံ႕ႏွံ႔ေနသည့္ ဇာတ္ ကားတြင္ မမွန္ကန္သည့္ စာတန္း မ်ား ထိုးထားၿပီး ယင္းဇာတ္ကား ဂုဏ္သိကၡာက်ဆင္းေအာင္ ျပဳလုပ္ထားေၾကာင္း ဇာတိေျမဇာတ္ ကား၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ေရးသားထားသည္။

‘‘ဟိုတစ္ပတ္က ဥပါယ္တံမ်ဥ္၊ အခု႐ုံေတာင္မတင္ရေသးတဲ့ ဇာ တိေျမ ဇာတ္ကားတစ္ကားလုံး အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔လာတာေတြ၊ လုံး၀ကို မလုပ္သင့္တဲ့ ကိစၥပါ။ ကိုယ့္ Account, Page Like မ်ား ႐ုံ၊ Share မ်ား႐ုံအတြက္နဲ႔ သူတစ္ ပါးႏွစ္နဲ႔ခ်ီ၊ အခ်ိန္၊ ေငြ၊ လူအင္ အားအမ်ားႀကီးနဲ႔ ႀကိဳးစားထားတဲ့ အလုပ္ကို သဲထဲေရသြန္ မလုပ္ ၾကပါနဲ႔။ တင္တာေရာ၊ Share တာေရာ လုံး၀၊ လုံး၀ မလုပ္သင့္ ပါ’’ ဟု ဒါ႐ုိက္တာထူးပိုင္ေဇာ္ဦး က ယင္းဇာတ္ကားပ်ံ႕ႏွံ႔ျခင္းႏွင့္ ပတ္သက္၍ ၎၏အျမင္ကို ေျပာသည္။

ဇာတိေျမ႐ုပ္ရွင္ဇာတ္ကား တြင္ ရန္ေအာင္၊ ေအာင္ရဲလင္း၊ ၀တ္မႈံေရႊရည္၊ မိုရီဆာကီ၀င္း တုိ႔ ပါ၀င္သ႐ုပ္ေဆာင္ထားၿပီး ၁၉၈၈ ဒီမုိကေရစီအေရးေတာ္ပုံ ေနာက္ခံထား၍ ႏွစ္ႏုိင္ငံခ်စ္ၾကည္ ေရးအျဖစ္ ႐ုိုက္ကူးထားေသာ ဇာတ္ကားျဖစ္သည္။

Unicode

” ရုံမတင်ရသေးခင် အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဇာတိမြေ ဇာတ်ကားဂယက် ”

ဇူလိုင်နောက်ဆုံးပတ် တွင် ရုံတင်ပြသမည့် ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကား အွန်လိုင်း၌ ပျံ့နှံ့နေသောကြောင့် ယင်းကိစ္စ ကိုအားလုံးက ဝိုင်းဝန်းကူညီရန် ဒါရိုက်တာ ကြည်ဖြူသျှင်က မေတ္တာရပ်ခံသည်။

‘‘ကျွန်မတို့ မြန်မာနိုင်ငံသား တွေအားလုံး ညီညွတ်မှုကိုပြပေး ပါ။ လူတစ်စုကြောင့် ကျရတဲ့ သိက္ခာကို လူအများက ဝိုင်းဝန်း ကူညီမြှင့်တင်ပေးကြပါ။ ‘ဇာတိ မြေ’ ရုပ်ရှင်ကို Share သူ၊ တင်သူ များအား ဖြုတ်ခိုင်းခြင်း၊ မရလျှင် Report ထုခြင်းစသည်ဖြင့် ကူညီကြပါ။ နိုင်ငံရပ်ခြားရောက်နေသော မြန်မာနိုင်ငံသားများ လည်း ကူညီကြပါ ။ ဂျပန်၊ မြန်မာ ချစ်ကြည်ရေးသမိုင်းအတွက် အ မည်းစက်ဖြစ်စေသော ထိုလုပ်ရပ်ကို အားလုံးရဲ့ ကူညီမှုဖြင့် ပြန်လည်ဖြူစင်အောင် ဆေးကြောပေးကြပါ။ မြန်မာနိုင်ငံသားအားလုံးသို့ အကူအညီတောင်းခံအပ်ပါသည်’’ ဟု ဒါရိုက်တာကြည်ဖြူသျှင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဇူလိုင် ၂၂ ရက်က ရေးသားထားသည်။

ယခင်က ဇာတ်ကားများ ရုံတင်နေသည့်အချိန်နှင့် ရုံတင်ပြီးချိန်တွင် အွန်လိုင်း၌ ဇာတ်ကားများ ပျံ့နှံ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဇာတိမြေဇာတ်ကားသည် ရုံတင်ရန် ရက်ပိုင်းအလိုတွင် အွန်လိုင်း၌ တစ်ကားလုံး ပျံ့နံ့ှခြင်းဖြစ်သည်။

ဇာတိမြေရုပ်ရှင်ဇာတ်ကား ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယင်းဇာတ်ကားကို တရားမဝင်ကူးယူ ဖြန့်ချိခြင်း၊ အွန်လိုင်းတင်ခြင်း၊ လက်ဝယ်ထားရှိ ခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး ဆက်လက်လုပ်ဆောင်နေသူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ကြောင်း ရေးသားထားသည်။

ထို့ပြင် ပျံ့နှံ့နေသည့် ဇာတ် ကားတွင် မမှန်ကန်သည့် စာတန်း များ ထိုးထားပြီး ယင်းဇာတ်ကား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ထားကြောင်း ဇာတိမြေဇာတ် ကား၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။

‘‘ဟိုတစ်ပတ်က ဥပါယ်တံမျဉ်၊ အခုရုံတောင်မတင်ရသေးတဲ့ ဇာ တိမြေ ဇာတ်ကားတစ်ကားလုံး အွန်လိုင်းပေါ် ပျံ့နှံ့လာတာတွေ၊ လုံးဝကို မလုပ်သင့်တဲ့ ကိစ္စပါ။ ကိုယ့် Account, Page Like များ ရုံ၊ Share များရုံအတွက်နဲ့ သူတစ် ပါးနှစ်နဲ့ချီ၊ အချိန်၊ ငွေ၊ လူအင် အားအများကြီးနဲ့ ကြိုးစားထားတဲ့ အလုပ်ကို သဲထဲရေသွန် မလုပ် ကြပါနဲ့။ တင်တာရော၊ Share တာရော လုံးဝ၊ လုံး၀ မလုပ်သင့် ပါ’’ ဟု ဒါရိုက်တာထူးပိုင်ဇော်ဦး က ယင်းဇာတ်ကားပျံ့နှံ့ခြင်းနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောသည်။

ဇာတိမြေရုပ်ရှင်ဇာတ်ကား တွင် ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ မိုရီဆာကီဝင်း တို့ ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ နောက်ခံထား၍ နှစ်နိုင်ငံချစ်ကြည် ရေးအဖြစ် ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *