♥ေဒၚေအာင္ဆန္းစုၾကည္ စီးသည့္ေလယာဥ္ကုိ လၽွပ္စီး၊ မုိးႀကိဳးမ်ားထဲ ခက္ခက္ခဲခဲ ေမာင္းႏွင္ခဲ့သူ♥

♥ေဒၚေအာင္ဆန္းစုၾကည္ စီးသည့္ေလယာဥ္ကုိ လၽွပ္စီး၊ မုိးႀကိဳးမ်ားထဲ ခက္ခက္ခဲခဲ ေမာင္းႏွင္ခဲ့သူ♥

ေလေတြ၊ မိုးေတြ၊ လၽွပ္စီးေတြ၊ မိုးႀကိဳးေတြ ၾကားထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ စီးတဲ့ ေလယာဥ္ပ်ံကို ခက္ခက္ခဲခဲ ေမာင္းႏွင္ပ်ံသန္းေပးခဲ့သူ ေလယာဥ္မႉး ဦးေအာင္ပိုရဲ႕ လူမႈကြန္ရက္ေပၚက စာစုကို လိုက္ခ္လုပ္သူ ၃ဝ,ဝဝဝ ခန္႔ရွိၿပီး ရွယ္တဲ့သူ ၉,ဝဝဝ ခန္႔ရွိခဲ့ပါတယ္။

ဇူလိုင္ ၂၂ ရက္က ရန္ကုန္ကေန ေနျပည္ေတာ္ကို ေဒၚေအာင္ဆန္းစုၾကည္ျပန္ေတာ့ သူစီးတဲ့ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းပုိင္ ေလယာဥ္ကို ေလယာဥ္မႉး ဦးေအာင္ပို ေမာင္းႏွင္ခဲ့တာျဖစ္ၿပီး ရာသီဥတုဆိုးလို႔ ၃၅ မိနစ္စာခရီးကို ၁ နာရီၾကာ ေမာင္းႏွင္ခဲ့ရပါတယ္။
ေနျပည္ေတာ္ကို ေလယာဥ္ဆိုက္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ေလယာဥ္မႉးကို ေက်းဇူးတင္တယ္လို႔ တကူးတက ေျပာသြားတယ္လို႔လည္း ေလယာဥ္မႉးရဲ႕ စာစုမွာ ေဖာ္ျပထား ပါတယ္။

“ဒီေန႔ညေန အေမ ေနျပည္ေတာ္ ျပန္မယ္ဆိုလို႔ ေမာင္းပို႔တယ္။ တိုက္တိုက္ဆိုင္ဆိုင္ ရန္ကုန္က အတက္မွာ ေလေရာ၊ မိုးေရာ၊ လၽွပ္စီးေရာ၊ မိုးႀကိဳးေရာ၊ စံုပစ္ဝင္တာ ေရွာင္လို႔ တိမ္းလို႔လည္း မရ၊ မိုင္တရာပတ္လည္ေလာက္ရွိတယ္…က်ေနာ့္ေလယာဥ္ေမာင္းသက္ ၂၁ ႏွစ္အတြင္း ေတာ္ေတာ္ဆိုးတဲ့ အေတြ႔အႀကံဳပါ။

“ေလယာဥ္ မေတာ္တဆျဖစ္မႈအမ်ားစုဟာ အတက္နဲ႔ အဆင္းမွာ ျဖစ္ေလ့ရွိၿပီး အတက္က အႏၲရာယ္အႀကီးဆံုးပါ… ဆံုးျဖတ္ခ်က္တခု မွားသြားတာနဲ႔ စကၠန္႔ပိုင္းအတြင္း မေတြးဝံ့စရာပါ။ က်ေနာ္လည္း အတတ္ႏိုင္ဆံုး စိတ္တည္ၿငိမ္ေအာင္ထားၿပီး ဆရာ အဆက္ဆက္ဆီက ဆည္းပူးခဲ့တဲ့ ပညာကုန္ထုတ္သံုးခဲ့တယ္ေပါ့… လမ္းမွာလည္း ေတာက္ေလၽွာက္နီးပါး တိမ္ေတာင္ႀကီးေတြ… ေနျပည္ေတာ္ အဆင္းက်ေတာ့လည္း ရာသီဥတု သိပ္မဆိုးပါဘူး… မိုးသည္းလြန္းလို႔ Wiper speed တဆံုးဖြင့္ၿပီး ဆင္းရ႐ုံေလးပါ။

“က်ေနာ္လည္း အေမ့ကို အရမ္းအားနာေနၿပီ ေတာ္႐ုံ လူငယ္မူးသြားႏိုင္ေလာက္တဲ့ ရာသီဥတုပါ… ၃၅ မိနစ္စာခရီးကို တနာရီၾကာေအာင္ ေရွာင္တိမ္းၿပီး သြားခဲ့ရတယ္… ဒါနဲ႔ ေလယာဥ္စက္သတ္ၿပီး အေမ ဆင္းခါနီးထြက္ ႏႈတ္ဆက္တယ္။ အေမ့ခရီးစဥ္ အေတာ္မ်ားမ်ားမွာ အေမဟာ ၿပံဳးျပႏႈတ္ဆက္ေလ့ရွိတယ္… ဒီတခါေတာ့ အေမ့ရဲ႕စူးရွလြန္းတဲ့ မ်က္ဝန္းတစံုက လူၾကားမွာ ရပ္ေနတဲ့ က်ေနာ့္ကို ဂ႐ုတစိုက္ ရွာေဖြေနတယ္။ က်ေနာ့္ကို ရွာေတြ႔တာနဲ႔ မ်က္လံုးအစံုကို ေသခ်ာစိုက္ၾကည့္ၿပီး ေလးနက္တဲ့ မ်က္ႏွာထားနဲ႔ ေျပာလိုက္တယ္၊ ေက်းဇူးတင္ပါတယ္တဲ့။

“က်ေနာ့္ရင္ထဲ ထိသြားတယ္… စိတ္ထဲက ေျပာခ်င္တဲ့စကားကို မ်က္ဝန္းကတဆင့္ ေျပာလိုက္မိတယ္။ ေက်းဇူးမတင္ပါနဲ႔ အေမရယ္၊ က်ေနာ္တို႔ေတြက တိုင္းျပည္တာဝန္ ထမ္းေဆာင္ဖို႔ အၿမဲအသင့္ရွိေနတဲ့ အေမ့(ႏိုင္ငံ့)သားေကာင္းေတြပါ။”

ဇူလိုင္ ၂ဝ ရက္ေလာက္စၿပီး ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚခဲ့တဲ့ မုန္တိုင္းငယ္အရွိန္၊ မုတ္သုန္ေလအား အလြန္ေကာင္းေနတာေတြေၾကာင့္ ရန္ကုန္အပါအဝင္ ေဒသအသီးသီးမွာ မိုးႀကီးၿပီး ရာသီဥတု ဆိုးဝါးခဲ့ပါတယ္။

Photo : Aung Po
Unicode

♥ဒေါ်အောင်ဆန်းစုကြည် စီးသည့်လေယာဉ်ကို လျှပ်စီး၊ မိုးကြိုးများထဲ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့သူ♥

လေတွေ၊ မိုးတွေ၊ လျှပ်စီးတွေ၊ မိုးကြိုးတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် စီးတဲ့ လေယာဉ်ပျံကို ခက်ခက်ခဲခဲ မောင်းနှင်ပျံသန်းပေးခဲ့သူ လေယာဉ်မှူး ဦးအောင်ပိုရဲ့ လူမှုကွန်ရက်ပေါ်က စာစုကို လိုက်ခ်လုပ်သူ ၃ဝ,ဝဝဝ ခန့်ရှိပြီး ရှယ်တဲ့သူ ၉,ဝဝဝ ခန့်ရှိခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်က ရန်ကုန်ကနေ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်တော့ သူစီးတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်ကို လေယာဉ်မှူး ဦးအောင်ပို မောင်းနှင်ခဲ့တာဖြစ်ပြီး ရာသီဥတုဆိုးလို့ ၃၅ မိနစ်စာခရီးကို ၁ နာရီကြာ မောင်းနှင်ခဲ့ရပါတယ်။
နေပြည်တော်ကို လေယာဉ်ဆိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က လေယာဉ်မှူးကို ကျေးဇူးတင်တယ်လို့ တကူးတက ပြောသွားတယ်လို့လည်း လေယာဉ်မှူးရဲ့ စာစုမှာ ဖော်ပြထား ပါတယ်။

“ဒီနေ့ညနေ အမေ နေပြည်တော် ပြန်မယ်ဆိုလို့ မောင်းပို့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က အတက်မှာ လေရော၊ မိုးရော၊ လျှပ်စီးရော၊ မိုးကြိုးရော၊ စုံပစ်ဝင်တာ ရှောင်လို့ တိမ်းလို့လည်း မရ၊ မိုင်တရာပတ်လည်လောက်ရှိတယ်…ကျနော့်လေယာဉ်မောင်းသက် ၂၁ နှစ်အတွင်း တော်တော်ဆိုးတဲ့ အတွေ့အကြုံပါ။

“လေယာဉ် မတော်တဆဖြစ်မှုအများစုဟာ အတက်နဲ့ အဆင်းမှာ ဖြစ်လေ့ရှိပြီး အတက်က အန္တရာယ်အကြီးဆုံးပါ… ဆုံးဖြတ်ချက်တခု မှားသွားတာနဲ့ စက္ကန့်ပိုင်းအတွင်း မတွေးဝံ့စရာပါ။ ကျနော်လည်း အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားပြီး ဆရာ အဆက်ဆက်ဆီက ဆည်းပူးခဲ့တဲ့ ပညာကုန်ထုတ်သုံးခဲ့တယ်ပေါ့… လမ်းမှာလည်း တောက်လျှောက်နီးပါး တိမ်တောင်ကြီးတွေ… နေပြည်တော် အဆင်းကျတော့လည်း ရာသီဥတု သိပ်မဆိုးပါဘူး… မိုးသည်းလွန်းလို့ Wiper speed တဆုံးဖွင့်ပြီး ဆင်းရရုံလေးပါ။

“ကျနော်လည်း အမေ့ကို အရမ်းအားနာနေပြီ တော်ရုံ လူငယ်မူးသွားနိုင်လောက်တဲ့ ရာသီဥတုပါ… ၃၅ မိနစ်စာခရီးကို တနာရီကြာအောင် ရှောင်တိမ်းပြီး သွားခဲ့ရတယ်… ဒါနဲ့ လေယာဉ်စက်သတ်ပြီး အမေ ဆင်းခါနီးထွက် နှုတ်ဆက်တယ်။ အမေ့ခရီးစဉ် အတော်များများမှာ အမေဟာ ပြုံးပြနှုတ်ဆက်လေ့ရှိတယ်… ဒီတခါတော့ အမေ့ရဲ့စူးရှလွန်းတဲ့ မျက်ဝန်းတစုံက လူကြားမှာ ရပ်နေတဲ့ ကျနော့်ကို ဂရုတစိုက် ရှာဖွေနေတယ်။ ကျနော့်ကို ရှာတွေ့တာနဲ့ မျက်လုံးအစုံကို သေချာစိုက်ကြည့်ပြီး လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်၊ ကျေးဇူးတင်ပါတယ်တဲ့။

“ကျနော့်ရင်ထဲ ထိသွားတယ်… စိတ်ထဲက ပြောချင်တဲ့စကားကို မျက်ဝန်းကတဆင့် ပြောလိုက်မိတယ်။ ကျေးဇူးမတင်ပါနဲ့ အမေရယ်၊ ကျနော်တို့တွေက တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ အမြဲအသင့်ရှိနေတဲ့ အမေ့(နိုင်ငံ့)သားကောင်းတွေပါ။”

ဇူလိုင် ၂ဝ ရက်လောက်စပြီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်၊ မုတ်သုန်လေအား အလွန်ကောင်းနေတာတွေကြောင့် ရန်ကုန်အပါအဝင် ဒေသအသီးသီးမှာ မိုးကြီးပြီး ရာသီဥတု ဆိုးဝါးခဲ့ပါတယ်။

Photo : Aung Po

Leave a Reply

Your email address will not be published. Required fields are marked *